မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် ဥက္ကဌကြီး ဦးသက်လွင်မှ ရန်ကုန်တိုင်းခြင်းလုံးအားကစားလေ့ကျင့်ရေးရုံ တည်ဆောက်ရန်အတွက်မတည်လှုဒါန်းငွေ ကျပ်သိန်း (၁၀၀) အား ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မှတီ ဥက္ကဌ ဦးအောင်ထက်နှင့် ကော်မတီဝင်များမှ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးသက်လွင် မှ မိမိ ကိုယ်ပိုင်ငွေဖြင့် လှူဒါန်းခြင်းအား အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။