ပြိုင်ပွဲအစီအစဉ်
၁။ ကျင်းပမည့်နေ့ရက် – ၂၆-၁၂-၂၀၂၃ ရက်နေ့ မှ ၃၀-၁၂-၂၀၂၃ ရက်နေ့ အထိ
ကျင်းပမည့်နေရာ – အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏ၊ ရန်ကုန်မြို့
ပြိုင်ပွဲအမျိုးအစား
၂။ (က) ၆ပေါက်တန်းအဆင့်ပြိုင်ပွဲ(အမျိုးသား)
( ခ ) ၁၀ပေါက်တန်းအဆင့်ပြိုင်ပွဲ(အမျိုးသား)
( ဂ ) ၄ပေါက်တန်းအဆင့်ပြိုင်ပွဲ(အမျိုးသမီး)
ဖွဲ့စည်းပုံ
၃။ (က) အသင်းတစ်သင်းလျှင် အားကစားသမား(၈)ဦး၊ နည်းပြ(၁)ဦးနှင့် အုပ်ချုပ်သူ(၁)ဦး စုစုပေါင်း (၁၀)ဦးဖြင့် ဖွဲ့စည်းရမည်။
( ခ ) အမျိုးသမီးအသင်းတစ်သင်းလျှင် အမျိုးသမီးအားကစားသမား(၅)ဦး၊ ပံ့ပိုးသူ အမျိုးသားအားကစားသမား(၃)ဦး၊ နည်းပြ(၁)ဦးနှင့် အုပ်ချုပ်သူ (၁)ဦး၊ စုစုပေါင်း (၁၀)ဦးဖြင့် ဖွဲ့စည်းရမည်။
အသင်းအုပ်ချုပ်သူအစည်းအဝေးပြုလုပ်မည့်ရက်
၄။ အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို ပြိုင်ပွဲမတိုင်မီ (၁)ရက် ကြိုတင်
(၂၅-၁၂-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်အားကစားသမား၏ အရည်အချင်းသတ်မှတ်ချက်
၅။ (က) (၆)ပေါက်တန်းအဆင့်ပြိုင်ပွဲ(အမျိုးသား)
(၁) အသက်ကန့်သတ်ချက် မရှိပါ။
(၂) (၄၂)ကြိမ်၊ (၄၃)ကြိမ် နှင့် (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမား(၂)ဦးသာ ပါဝင်ခတ်ကစားခွင့်ပြုသည်။
(၃) အားကစားသမား(၁)ဦးသည် ကလပ်အသင်း(၁)ခုကိုသာ ကိုယ်စားပြု ယှဉ်ပြိုင် ခတ်ကစားခွင့်ရှိသည်။ ပြိုင်ပွဲအမျိုးအစား ကူးပြောင်းခတ် ကစားခွင့် မပြုပါ။
(ခ) (၁၀)ပေါက်တန်းအဆင့်ပြိုင်ပွဲ(အမျိုးသား)
(၁) အသက်ကန့်သတ်ချက် မရှိပါ။
(၂) မည်သည့်အားကစားသမားမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။
(၃) အားကစားသမား(၁)ဦးသည် ကလပ်အသင်း(၁)ခုကိုသာ ကိုယ်စားပြု ယှဉ်ပြိုင် ခတ်ကစားခွင့်ရှိသည်။ ပြိုင်ပွဲအမျိုးအစား ကူးပြောင်းခတ် ကစားခွင့် မပြုပါ။
( ဂ ) (၄) ပေါက်တန်းအဆင့်ပြိုင်ပွဲ(အမျိုးသမီး)
(၁) အသက်ကန့်သတ်ချက် မရှိပါ။
(၂) (၄၂)ကြိမ်၊ (၄၃)ကြိမ် နှင့် (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ရွေးစင် အမျိုးသမီးအားကစားသမား (၃)ဦးသာ ပါဝင်ခတ်ကစား ခွင့်ပြုသည်။
(၃) ပံ့ပိုးခတ်ကစားသူ အမျိုးသားများအတွက် (၄၂)ကြိမ်၊ (၄၃)ကြိမ် နှင့် (၄၄) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမား များ ပါဝင် ခတ်ကစားခွင့် မပြုပါ။
(၄) အားကစားသမား(၁)ဦးသည် ကလပ်အသင်း(၁)ခုကိုသာ ကိုယ်စားပြု ယှဉ်ပြိုင် ခတ်ကစားခွင့်ရှိသည်။ ပြိုင်ပွဲအမျိုးအစား ကူးပြောင်းခတ် ကစားခွင့် မပြုပါ။
ဆုချီးမြှင့်ခြင်း
၆။ (က) ပြိုင်ပွဲအမျိုးအစား (၁)မျိုးလျှင် ပထမ၊ ဒုတိယ၊ တတိယ ဆုများချီးမြှင့်သွားမည် ဖြစ်ပါ သည်။
(ခ) အမျိုးသားအကောင်းဆုံး အားကစားသမားဆုနှင့် အမျိုးသမီးအကောင်းဆုံး အားကစား သမားဆုအား ရွေးချယ်သတ်မှတ် ချီးမြှင့်သွားမည်။
(ဂ) ပြိုင်ပွဲဝင် အသင်းများကိုလည်း နှစ်သိမ့်ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။
အဆုံးအဖြတ်နှင့်အတည်ပြုခြင်း
၇။ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများကို အဓိပ္ပာယ်ကောက်၍ ဖွင့်ဆိုခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ၏ အဆုံးအဖြတ် သည် နောက်ဆုံးအတည်ဖြစ်စေရမည်။
စည်းမျဉ်း/စည်းကမ်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ဖျက်သိမ်းခြင်း
၈။ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းနှင့် ဖျက်သိမ်းခြင်းများ စသည်တို့ကို ဆောင်ရွက်ခွင့်ရှိသည်။
အမည်စာရင်းပေးသွင်းခြင်း
၉။ (က) ပြိုင်ပွဲဝင်ကြမည့် ကလပ်အသင်းများ၏ အရေအတွက်ကို ကန့်သတ်ထားပါ သဖြင့် ပြိုင်ပွဲဝင်အသင်းများသည် မိမိတို့၏ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ရိုးရာခြင်းလုံးဆပ် ကော်မတီများထံ ကြိုတင်၍ အမည်စာရင်း ပေးသွင်းကြရပါမည်။
(ခ) ပြိုင်ပွဲဝင်အသင်းများ၏ အမည် စာရင်းများကို (၂၀-၁၂-၂၀၂၃) ရက်နေ့ နောက်ဆုံး ထား၍ အတွင်းရေးမှူး နှင့် နည်းပြချုပ် ထံ Viber ဖြင့် ပေးပို့ရမည် ဖြစ်ပါသည်။
အထွေထွေ
၁၀။ နယ်မှ လာရောက်ယှဉ်ပြိုင်သော ကလပ်အသင်းများ၏ ခရီးစရိတ် ကို တစ်သင်းလျှင် ကျပ်(သုံးသိန်း) နှုန်းဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး စားသောက် စရိတ်နှင့် တည်းခိုစရိတ်များ အားလုံး ကို မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် မှ စီစဉ် ဆောင်ရွက် ပေးပါမည်။
၁၁။ ပြိုင်ပွဲဝင်အားကစားသမားများအား ဝတ်စုံတစ်စုံစီနှင့် ခြင်းခတ်ဖိနပ်တစ်ရံစီ ပံ့ပိုးပေးသွား မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်