Myanmar Traditional
Chinlone Federation

Categories
Activities

ခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်းဆင်းပွဲအခန်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall တွင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေး၀န်းကြီးဌာ ဒုတိယဝန်ကြီး (ငြိမ်း)၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချူပ် နယက ဦးစိုးတင့်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ် ဥက္ကဌနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ်မှ နည်းပြဆရာ (၆) ဦးတို့က သင်တန်းသား (၃၉) ဦး သင်တန်းသူ (၇) ဦး စုစု‌ပေါင်း (၄၆) ဦးတို့အား သင်တန်းကာလအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

Categories
Activities

ပြည်တက္ကသိုလ် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း

ပြည်တက္ကသိုလ် ရိုးရာခြင်းလုံးဆပ်ကော်မတီနှင့် မြန်မာနိုင်ငံရိုးရားခြင်းလုံးအဖွဲ့ချူပ် တို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာခြင်းလုံး သင်တန်းကို (၂၂-၂-၂၀၂၄) မှ (၃-၃-၂၀၂၄) အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

Categories
Activities

Points System Software And Website Design Presentation

(15/12/23) Points system software and Traditional website design presentation make by Thaw Tar to Chairman , Vice-Chairman and IT group.

Categories
Activities

အမှတ်ပေးစနစ်ကို Final Rehearsal ပြုလုပ်ခြင်း

13.12.2023 နေ့လည်တွင် ရွှေဂုံတိုင်ဟိုတယ် တွင် မြန်မာရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင် လှူဒါန်းထားသော Tablet များ၊ TV Monitor များဖြင့် ပြိုင်ပွဲအမှတ်ပေးစနစ်ကို Final Rehearsal ပြုလုပ်ခဲ့ပါသည်။ ထိုပွဲသို့ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဦးဝင်းတင့် (ဒု-ဥက္ကဌ)၊ ဦးအောင်မြင့်ဦး (အတွင်းရေးမှူး)၊ ဦးခင်မောင်ဝင်း (နည်းပြချူပ်)၊ ဦးသော်တာ (အတွင်းရေးမှူး) သတင်းနှင့် ပြန်ကြားရေး၊ ဗိုလ်မှူး မောင်တင့် (အမှူဆောင်)၊ ဦးကိုကြီး (အမှူဆောင်) နှင့် IT ပညာရှင်များ အမှတ်ပေးဒိုင်းများစွာ တို့တက်ရောက်ခဲ့ကြပါသည်။

Categories
Activities

ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာခြင်းလုံး ဆပ်ကော်မတီဖွဲ့စည်ခြင်း

ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာခြင်းလုံး ဆပ်ကော်မတီဖွဲ့စည်ခြင်း အစည်းအဝေးကို ရန်ကုန်တိုင်း ရိုးရာခြင်းလုံး ဆပ်ကော်မတီ ဥက္ကဌ ဦးအောင်ထက် နှင့် သက်ဆိုင်ရာလူကြီးမင်းများမှ တက်ရောက်ခဲ့ပါသည်။

Categories
Activities

မြောက်ဥက္ကလာ ကန်သာယာ ခြင်းရုံဖွင့်ပွဲ

မြောက်ဥက္ကလာ ကန်သာယာ ခြင်းရုံဖွင့်ပွဲ သို့ ရန်ကုန်တိုင်း ရိုးရာခြင်းလုံး ဆပ်ကော်မတီ ဥက္ကဌ ဦးအောင်ထက်၊ ဒု-ဥက္ကဌ ဦးသော်တာ၊ ဒု-ဥက္ကဌ ဦးသူရန်မင်း နှင့် မှုန်ရွှေရည် ဦးခင်မောင်ဝင်း နှင့် ခြင်းလုံး ပညာရှင်များမှ တက်ရောက်အားပေးခတ်ကစားခဲ့ပါသည်။

Categories
Activities

သာကေတမြို့နယ် ပထမအကြိမ် သက်ကြီးပူဇော်ပွဲ

သာကေတမြို့နယ် ရိုးရာခြင်းလုံး စပ်ကော်မတီမှ ကြီးမှုးကျင်းပသော ပထမအကြိမ် သက်ကြီးပူဇော်ပွဲနှင့် မိတ်ဟောင်း မိတ်သစ် တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးဝင်းတင့် နှင့် ခြင်းလုံး အတက်ပညာရှင်များမှ သွားရောက်အားပေး ခတ်ကစားခဲ့ပါသည်။

Categories
Activities

မင်္ဂလာ‌တောင်ညွန့် မြို့နယ် လူငယ့်အားမန် ခြင်းရုံဖွင့်ပွဲ

မင်္ဂလာ‌တောင်ညွန့် မြို့နယ် လူငယ့်အားမန် ခြင်းရုံဖွင့်ပွဲ သို့ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးဝင်းတင့် နှင့် ရန်ကုန်တိုင်း ရိုးရာခြင်းလုံး ဆပ်ကော်မတီ ဥက္ကဌ ဦးအောင်ထက် တို့ မှ ဖွင့်ပွဲသို့ တက်ရောက် အားပေးချီးမြင့်ခဲ့ပါတယ်။

Categories
Activities

ပြိုင်ပွဲ အမှတ်ပေး စနစ်အား အဆင့်မြင့်တင်ရန် စစ်ဆေးခြင်း

ပြိုင်ပွဲ အမှတ်ပေး စနစ်အား အဆင့်မြင့်တင်ရန် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးဝင်းတင့် နှင့် ခြင်းလုံးပညာရှင် အိုင်တီအတက်ပညာရှင်များမှ အမှတ်ပေး စနစ် ထားရှိရာ ဟိုတယ် ရွှေဂုံတိုင် သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။