Myanmar Traditional
Chinlone Federation

ခြင်းလုံးနည်းပြနှင့်ဒိုင်လူကြီးသင်တန်းဆင်းပွဲအခန်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall တွင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေး၀န်းကြီးဌာ ဒုတိယဝန်ကြီး (ငြိမ်း)၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချူပ် နယက ဦးစိုးတင့်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ် ဥက္ကဌနှင့် အမှုဆောင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ်မှ နည်းပြဆရာ (၆) ဦးတို့က သင်တန်းသား (၃၉) ဦး သင်တန်းသူ (၇) ဦး စုစု‌ပေါင်း (၄၆) ဦးတို့အား သင်တန်းကာလအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။