သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအစီအစဉ် (MKCF) အရ မဲခေါင်ရုပ်ရှင် ပွဲတော် (၂၀၂၄) (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) မှတ်တမ်းရုပ်ရှင် ပုံဖော်ရိုက်ကူး ပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ရိုးရာ ခြင်းလုံးအားကစားနည်းအား မှတ်တမ်းရုပ်ရှင် ရိုက်ကူး၍ ယှဉ်ပြိုင်ခဲ့ရာ ပထမ ရရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုအခန်းအနားသို့ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချူပ် ဒုဥက္ကဌ ဦးဝင်းတင့် မှ တက်ရောက်အားပေးခဲ့ပါသည်။