အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချူပ် (အသစ်) ဒုတိယအကြိမ် အမှုဆောင်စုံညီ အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဟိုတယ်ရေွှဂုံတိုင် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ဦးစွာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးသက်လွင်မှ အမှာစကားပြောကြားပြီး နာယက ဦးစိုးတင့်မှ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲ၏ လူရွေးပွဲအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယ ဥက္ကဌများ ဖြစ်ကြသည့် တပ်မတော်ြခင်းလုံးဆပ်ကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ် ရဲလွင်၊ ဦးဝင်းတင့်၊ ဦးထွန်းလင်းသောင်း၊ ဦးမျိုးသက်တို့မှ ခြင်းလုံးကဏ္ဍ၊ ယူနစ်စကိုသို့ မှတ်ပုံတင်ရန်ကိစ္စ ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အမှုဆောင်များကိုယ်စား ဦးဇော်ဝင်း မှလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အမှုဆောင်းများကိုယ်စား၊ ဦးအောင်ထိုက်သူမှလည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချူပ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ဝင်ရောက်ယှဥ်ပြိုင်သွားမည် ဖြစ်ပြီး အောင်နိုင်ရေးအတွက်ကိုလည်း အရှိန်အဟုန်ပြင်းစွာ ကြိုးပန်းလျှက်ရှိကြောင်း ဖော်ပြလိုက်ရပါသည်။