ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီ အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းခဲ့ခြင်း

လူငယ်ရေးရာကော်မတီ (Center), ရန်ကုန်

2025-02-10

ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချူပ်၏ လမ်းညွှန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီအား ပြန်လည်စီစစ်ဖွဲ့စည်းခဲ့ပါသည်။ ပြန်လည်ဖွဲ့စည်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီတွင် ဥက္ကဌ ဦးအောင်ထက်၊ ဒုဥက္ကဌ-(၁) ဦးသော်တာ ၊ ဒုဥက္ကဌ-(၂) ဦးမျိုးမင်းဦး၊ ဒုဥက္ကဌ-(၃) ဦးမြတ်ငြိမ်းညို၊ အတွင်းရေးမှုး ဦးကျော်ကျော်မိုး၊ တွဲဘက်-အတွင်းရေးမှုး ဦးသီဟဇော်၊ တွဲဘက်-အတွင်းရေးမှုး  ဦးမိုးကျော်ကျော်၊ ဘဏ္ဍာရေးမှုး ဦးထွန်းမင်းလတ်၊ တွဲဘက်-ဘဏ္ဍာရေးမှုး ဦးကြည်ဝင်းစိန်၊ စာရင်းစစ် ဦးစိန်နွဲ့၊ တွဲဘက်- စာရင်းစစ် ဦးသန်းထိုက်၊ နည်းပြချူပ် ဦးအေးလွင် နှင့် အဖွဲ့ဝင် များ ဖြစ်ကြသော ဦးမင်းဇော်၊ ဦးမြင့်မြတ်ကျော်၊ ဦးဝင်းကို၊ ဦးသိန်းမိုး တို့အား တာဝန်ပေးအပ်ခဲ့၍ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီအား အောင်မြင်စွာ ပြန်လည်စီစစ်ဖွဲ့စည်းခဲ့ပါသည်။